မည်သူမဆို ရေယာဉ်တစ်ခုခုကို ကူးစက်တတ်သောရောဂါ ပြန့်ပွားခြင်းမှ ကာကွယ်ရန် သီးသန့် ထားရှိရေးအတွက်ဖြစ်စေ၊ ထိုသို့သီးသန့်ထားရှိသော ရေယာဉ်များကို ဆိပ်ကမ်းနှင့် သော်လည်းကောင်း၊ အခြားရေယာဉ်များနှင့်သော်လည်းကောင်း ကူးလူးဆက်ဆံမှုကို စည်းမျဉ်းသတ်မှတ်ရေး အတွက်ဖြစ်စေ၊ ကူးစက်တတ်သော ရောဂါ ဖြစ်ပွားသည့် နေရာများနှင့် အခြားနေရာများ ကူးလူးဆက်ဆံမှုကို စည်းမျဉ်း သတ်မှတ်ရေးအတွက်ဖြစ်စေ အစိုးရကပြုလုပ်၍ ထုတ်ပြန်ကြေညာထားသော နည်းဥပဒေကို သိလျက်နှင့် မလိုက်နာလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။