လူ့အသက်ကို အန္တရာယ်ဖြစ်စေသည့် အခြေအနေ၌ရှိသော သို့မဟုတ် ထိုသို့အန္တရာယ်ဖြစ်စေ လောက်အောင် ဝန်ပိုတင်သောရေယာဉ်ဖြင့် မည်သူမဆို သိလျက်နှင့်သော်လည်းကောင်း၊ ပေါ့လျော့စွာ သော်လည်းကောင်း ရေလမ်းခရီးတွင် သူတစ်ဦးဦးကို အခယူ၍ သယ်ယူပို့ဆောင်လျှင် သို့မဟုတ် သယ်ယူပို့ဆောင်စေလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။