မည်သူမဆို အန္တရာယ်ဖြစ်စေအောင် ပြုထားသောစားဖွယ် သို့မဟုတ် သောက်ဖွယ်ကိုဖြစ်စေ၊ အန္တရာယ်ဖြစ်လာသောစားဖွယ် သို့မဟုတ် သောက်ဖွယ်ကိုဖြစ်စေ၊ စားသောက်ရန် မသင့်လျော်သော အဖြစ်သို့ ရောက်ရှိနေသည့် စားဖွယ် သို့မဟုတ် သောက်ဖွယ်ကိုဖြစ်စေ စားဖွယ် သို့မဟုတ် သောက်ဖွယ် အနေနှင့် အန္တရာယ်ဖြစ်သည်ကိုသိလျက် သို့မဟုတ် ထိုသို့ဖြစ်သည်ကို ယုံကြည်ရန်အကြောင်းရှိလျက် စားဖွယ် သို့မဟုတ် သောက်ဖွယ်အဖြစ်ဖြင့် ရောင်းချလျှင် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင် သို့မဟုတ် ရောင်းချရန် ပြသထားလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။