မည်သူမဆို အသက်အန္တရာယ်ဖြစ်စေတတ်သည့် ကူးစက်တတ်သောရောဂါမျိုး ပြန့်ပွားစေတန်ရာ သော သို့မဟုတ် ထိုသို့ ပြန့်ပွားစေတန်ရာသည်ကို မိမိသိသော သို့မဟုတ် ထိုသို့ယုံကြည်ရန် အကြောင်းရှိသော ဥပဒေနှင့်ဆန့်ကျင်မှုကိုသော်လည်းကောင်း၊ ပေါ့လျော့မှုကိုသော်လည်းကောင်းပြုလျှင် ထိုသူကိုခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။