မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ပါးကို နာကျင်စေ တန်လောက်အောင် သို့မဟုတ် နစ်နာစေတန်လောက်အောင် သော်လည်းကောင်း ပေါက်ကွဲတတ်သော အရာဝတ္ထုဖြင့် ပြုလုပ်မှုတစ်ခုခုကို အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေပြုလျှင် သို့မဟုတ် ပေါက်ကွဲတတ် သော အရာဝတ္ထုကြောင့် လူ့အသက်အန္တရာယ် ဖြစ်ဖွယ်ရှိခြင်းမှကာကွယ်ရန် လုံလောက်အောင် လက်ရှိ ပေါက်ကွဲတတ်သော အရာဝတ္ထုကို နေရာတကျမထားဘဲ သိလျက်နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။