ပုဒ်မ ၂၇၀
ပုဒ်မ ၂၇၀
အသက်အန္တရာယ်ဖြစ်စေတတ်သည့်ကူးစက်တတ်သောရောဂါမျိုး ပြန့်ပွားစေတန်ရာသည့် ဘေးသင့်စေမှု

မည်သူမဆို အသက်အန္တရာယ်ဖြစ်စေတတ်သည့် ကူးစက်တတ်သောရောဂါမျိုး ပြန့်ပွားစေတန်ရာ သော သို့မဟုတ် ထိုသို့ပြန့်ပွားစေတန်ရာသည်ကို မိမိသိသော သို့မဟုတ် ထိုသို့ယုံကြည်ရန် အကြောင်း ရှိသော ဘေးသင့်စေမှုကိုပြုလျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။