မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင် −
(က) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသောပြုလုပ်မှု တစ်ခုခုကိုပြုလျှင်၊ သို့မဟုတ်
(ခ) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ၊ ညစ်ညမ်းသောသီချင်း၊ ကဗျာလင်္ကာ၊ စကားတစ်မျိုးမျိုးကို သီဆိုခြင်း၊ ရွတ်ဆိုခြင်း၊ ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။