ပုဒ်မ ၂၈၉
ပုဒ်မ ၂၈၉
တိရစ္ဆာန်နှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း

တိရစ္ဆာန်ကြောင့် လူ့အသက်ကို အန္တရာယ်ဖြစ်ဖွယ်ရှိခြင်းမှ သို့မဟုတ် အပြင်းအထန်နာကျင်ဖွယ် ရှိခြင်းမှ ကာကွယ်ရန်လုံလောက်အောင် လက်ရှိတိရစ္ဆာန်ကို နေရာတကျမထားဘဲ မည်သူမဆို သိလျက် နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။