မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသည့် ညစ်ညမ်းသော အရာဝတ္ထု တစ်ခုခုကို အသက်နှစ်ဆယ် မပြည့်သေးသူတစ်ဦးဦးသို့ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဝေငှခြင်း၊ ပြသခြင်း၊ ဖြန့်ချိခြင်း တစ်ခုခုပြုလျှင် သို့မဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်။