ပုဒ်မ ၂၇၄
ပုဒ်မ ၂၇၄
ဆေးဖက်ဝင်ဝတ္ထုကို ယုတ်ညံ့သောအရာနှင့်ရောခြင်း

မည်သူမဆို ယုတ်ညံ့သောအရာနှင့် ရောထားခြင်းမရှိသော ဆေးဖက်ဝင်ဝတ္ထုဖြစ်သကဲ့သို့ သို့မဟုတ် ဖော်စပ်ပြီးဆေးဖြစ်သကဲ့သို့ ဆေးဝါးကိစ္စအလို့ငှာ ရောင်းချရန် ကြံရွယ်လျက် သို့မဟုတ် သုံးစွဲစေရန် ကြံရွယ်လျက် သို့မဟုတ် ထိုသို့ရောင်းချ တန်ရာသည်ကိုဖြစ်စေ၊ သုံးစွဲတန်ရာသည်ကိုဖြစ်စေ သိလျက် ဆေးဖက်ဝင်ဝတ္ထုကိုသော်လည်းကောင်း၊ ဖော်စပ်ပြီးဆေးကိုသော်လည်းကောင်း၊ ဆေးအာနိသင် ယုတ်လျော့အောင် သို့မဟုတ် အကျိုးသက်ရောက်ခြင်း ပြောင်းလဲအောင် သို့မဟုတ် အန္တရာယ်ဖြစ်စေ အောင် ယုတ်ညံ့သောအရာနှင့်ရောလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။