ပုဒ်မ ၂၇၈
ပုဒ်မ ၂၇၈
ကျန်းမာရေးကို အန္တရာယ်ဖြစ်စေရန် လေကိုတစ်ခုခုပြုခြင်း

မည်သူမဆို နေရာတစ်ခုခုရှိလေကို ထိုနေရာအနီးအနားတွင် အများအားဖြင့် နေထိုင်သော သို့မဟုတ် အလုပ်လုပ်ကိုင်သော သို့မဟုတ် အများပြည်သူဆိုင်ရာ လမ်း၌သွားလာနေသော သူများ၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေအောင် မိမိအလိုအလျောက် ညစ်ညမ်းစေလျှင် ထိုသူကို ကျပ်ငါးသောင်းထိ ငွေဒဏ် ချမှတ်ရမည်။