မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ဦးဦးကို နာကျင်စေ တန်လောက်အောင် သို့မဟုတ် နစ်နာစေတန်လောက်အောင်သော်လည်းကောင်း အဆိပ်ရှိအရာဝတ္ထုဖြင့် ပြုလုပ်မှုတစ်ခုခုကို အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေပြုလျှင် သို့မဟုတ် အဆိပ်ရှိအရာဝတ္ထုကြောင့် လူ့အသက်အား အန္တရာယ်ဖြစ်ဖွယ်ရှိခြင်းမှ ကာကွယ်ရန် လုံလောက်အောင် လက်ရှိဖြစ်သော အဆိပ်ရှိအရာဝတ္ထုကို နေရာတကျမထားဘဲ သိလျက်နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။