မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ပါးကို နာကျင်စေ တန်လောက်အောင် သို့မဟုတ် နစ်နာစေတန်လောက်အောင် သော်လည်းကောင်း စက်ကိရိယာဖြင့် ပြုလုပ်မှုတစ်ခုခုကို အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေပြုလျှင် သို့မဟုတ် စက်ကိရိယာကြောင့် လူ့အသက်ကို အန္တရာယ် ဖြစ်ဖွယ်ရှိခြင်းမှကာကွယ်ရန် လုံလောက်အောင် လက်ရှိစက်ကိရိယာကို သော်လည်းကောင်း၊ မိမိကြည့်ရှုအုပ်ထိန်းသော စက်ကိရိယာကိုသော်လည်းကောင်း နေရာတကျမထားဘဲ သိလျက်နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။