ပုဒ်မ ၇၆
သူတစ်ဦးက ဥပဒေအရ တာဝန်ရှိသဖြင့် ပြုလုပ်ခြင်း သို့မဟုတ် အကြောင်းခြင်းရာကို အယူအဆလွဲခြင်း ကြောင့် ဥပဒေအရ တာဝန်ရှိသည်ဟု ယုံကြည်၍ပြုလုပ်ခြင်း
ပုဒ်မ ၇၇
တရားစီရင်မှု ဆောင်ရွက်ရာ၌ တရားသူကြီး၏ ပြုလုပ်မှု
ပုဒ်မ ၇၈
တရားရုံးစီရင်ချက်အရ သို့မဟုတ် အမိန့်အရ ပြုလုပ်မှု။
ပုဒ်မ ၇၉
ဥပဒေအရပြုပိုင်သူတစ်ဦးက ပြုလုပ်ခြင်းသို့မဟုတ် အကြောင်းခြင်းရာကို အယူအဆလွဲခြင်းကြောင့် ဥပဒေအရပြုပိုင်သည်ဟု ယုံကြည်၍ ပြုလုပ်ခြင်း
ပုဒ်မ ၈၀
ဥပဒေနှင့်ညီသော ပြုလုပ်မှုကိုပြုရာတွင် မတော်တဆဖြစ်ခြင်း
ပုဒ်မ ၈၁
ရာဇဝတ်မကင်းသော အကြံမရှိဘဲ အခြားသော ဘေးအန္တရာယ်ကို တားဆီးလိုသဖြင့် ဘေးအန္တရာယ်၊ ဖြစ်စေတန်ရာသော ပြုလုပ်မှု
ပုဒ်မ ၈၂
အသက်ခုနစ်နှစ်အောက် ကလေး၏ ပြုလုပ်မှု
ပုဒ်မ ၈၃
အမြော်အမြင်အဆင်အခြင်နှင့် မပြည့်စုံသေးသည့် အသက်ခုနစ်နှစ်အထက်၊ ဆယ့်နှစ်နှစ်အောက် ကလေး၏ပြုလုပ်မှု
ပုဒ်မ ၈၄
စိတ်ပေါ့သွပ်သူ၏ ပြုလုပ်မှု
ပုဒ်မ ၈၅
အလိုမတူဘဲသူတစ်ဦးက မူးယစ်စေအောင် တိုက်ကျွေးသဖြင့် သိနိုင်စွမ်းမရှိသူ၏ပြုလုပ်မှု
ပုဒ်မ ၈၆
အထူးအသိဉာဏ် သို့မဟုတ် အထူးအကြံဖြင့်ပြုမှ ပြစ်မှုမြောက်မည့် ပြုလုပ်မှုကို မူးယစ်နေသူကပြုခြင်း
ပုဒ်မ ၈၇
သေစေရန်ဖြစ်စေ၊ အပြင်းအထန် နာကျင်စေရန်ဖြစ်စေ အကြံမရှိဘဲနှင့်လည်းကောင်း၊ ထိုသို့ ဖြစ်စေတန်ရာသည်ကို မသိဘဲနှင့်လည်းကောင်း၊ အပြုခံရသူ သဘောတူညီချက်ဖြင့်လည်းကောင်း ပြုလုပ်မှု
ပုဒ်မ ၈၈
သေစေရန်ကြံရွယ်ခြင်းမရှိဘဲ သူတစ်ဦး၏အကျိုးငှာ ထိုသူ၏သဘောတူညီချက်နှင့် သဘောရိုးဖြင့် ပြုသည့် ပြုလုပ်မှု
ပုဒ်မ ၈၉
ကလေး၏ သို့မဟုတ် စိတ်ပေါ့သွပ်သူ၏အကျိုးငှာ အုပ်ထိန်းသူကဖြစ်စေ၊ ထိုသူ၏ သဘောတူညီချက်ဖြင့် ဖြစ်စေ သဘောရိုးနှင့်ပြုသည့် ပြုလုပ်မှု
ပုဒ်မ ၉၀
ကြောက်ရွံ့၍ဖြစ်စေ၊ အကြောင်းခြင်းရာ အမှန်မသိ၍ဖြစ်စေ သဘောတူခြင်း
ပုဒ်မ ၉၁
ဖြစ်စေမည့် ဘေးအန္တရာယ်ကို ထောက်ထားခြင်းမပြုဘဲ၊ ပြစ်မှုမြောက်သည့် ပြုလုပ်မှုများကို ခြွင်းချန်ခြင်း
ပုဒ်မ ၉၂
သူတစ်ဦး၏အကျိုးငှာ ထိုသူသဘောတူညီချက် မရရှိဘဲ သဘောရိုးဖြင့် ပြုလုပ်မှု
ပုဒ်မ ၉၃
သဘောရိုးဖြင့် ဆက်သွယ်အကြောင်းကြားခြင်း
ပုဒ်မ ၉၄
ခြိမ်းခြောက်၍ အတင်းအကျပ် ခိုင်းစေခံရသူ၏ ပြုလုပ်မှု။
ပုဒ်မ ၉၅
ဘေးအန္တရာယ် အနည်းငယ်မျှသာ ဖြစ်စေသည့် ပြုလုပ်မှု
ပုဒ်မ ၉၆
ကာကွယ်ခုခံရာတွင် ပြုလုပ်မှု
ပုဒ်မ ၉၇
လူ့ကိုယ်နှင့်ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်
ပုဒ်မ ၉၈
စိတ်ပေါ့သွပ်သူ စသည်တို့၏ ပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်
ပုဒ်မ ၉၉
ကာကွယ်ခုခံပိုင်ခွင့်မရှိသည့် ပြုလုပ်မှုများ
ပုဒ်မ ၁၀၀
လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူသေစေသည်အထိ ပြုနိုင်ခြင်း
ပုဒ်မ ၁၀၁
လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် သေစေခြင်းမှတစ်ပါး အခြားဘေးအန္တရာယ် ဖြစ်စေသည်အထိ ပြုနိုင်ခြင်း
ပုဒ်မ ၁၀၂
လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် စတင်ဖြစ်ပေါ်ခြင်းနှင့် ဆက်လက်တည်ရှိနေခြင်း
ပုဒ်မ ၁၀၃
ပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူကိုသေစေသည်အထိ ပြုနိုင်ခြင်း
ပုဒ်မ ၁၀၄
ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် သေစေခြင်းမှတစ်ပါး အခြားဘေးအန္တရာယ် ဖြစ်စေရန် ပြုနိုင်ခြင်း
ပုဒ်မ ၁၀၅
ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့် စတင်ဖြစ်ပေါ်ခြင်းနှင့် ဆက်လက်တည်ရှိနေခြင်း
ပုဒ်မ ၁၀၆
အပြစ်မရှိသူအား အန္တရာယ်ဖြစ်နိုင်စေကာမူ သေစေလောက်သော လက်ရောက်မှုမှ ကာကွယ်ခုခံပိုင်ခွင့်