ပုဒ်မ ၉၇
ပုဒ်မ ၉၇
လူ့ကိုယ်နှင့်ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်

ပုဒ်မ ၉၉ ပါ ကန့်သတ်ချက်များကို မဆန့်ကျင်ဘဲ မည်သူမဆို-

ပထမ။ လူ့ကိုယ်ကို ထိခိုက်ကျူးလွန်သည့် ပြစ်မှုကို တားဆီးရန် မိမိကိုယ်နှင့် အခြားသူ၏ ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ဒုတိယ။ ခိုးမှု သို့မဟုတ် လုယက်မှု သို့မဟုတ် အကျိုးဖျက်ဆီးမှု သို့မဟုတ် ရာဇဝတ် မကင်းသောကျော်နင်းမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွင်း ကျရောက်သော ပြစ်မှုမျိုးကို သော်လည်းကောင်း၊ အဆိုပါ ပြစ်မှုမျိုးကို ကျူးလွန်ရန် အားထုတ်ခြင်းကိုသော်လည်း ကောင်း တားဆီးရန် မိမိပိုင်ဖြစ်စေ၊ အခြားသူတစ်ဦးပိုင်ဖြစ်စေ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို သို့မဟုတ် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။


ကျင့်ထုံး