ပြစ်မှုကျူးလွန်ခြင်း မရှိသေးသော်လည်း ပြစ်မှုကိုကျူးလွန်ရန် အားထုတ်မှုမှသော်လည်းကောင်း၊ ခြိမ်းခြောက်မှုမှသော်လည်းကောင်း လူ့ကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေမှုအတွက် စိုးရိမ်ဖွယ်ရာအကြောင်း ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် လူ့ကိုယ်ကိုခုခံပိုင်ခွင့်သည် စတင်ဖြစ်ပေါ်လာသည်။ ထို့ပြင် အဆိုပါ ဘေးအန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာအကြောင်း ဆက်လက်တည်ရှိနေသမျှ ကာလပတ်လုံး လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်လည်း ဆက်လက်တည်ရှိနေသည်။