သူတစ်ဦး၏အကျိုးငှာ သဘောရိုးဖြင့် ထိုသူအား အကြောင်းကြားလျှင် ထိုသို့ အကြောင်းကြားခြင်း ကြောင့် ထိုသူ၌ ဘေးအန္တရာယ်ကျရောက်သော်လည်း အကြောင်းကြားသူသည် ပြစ်မှုကျူးလွန်ရာ မရောက်။
ဥပမာ
ခွဲစိတ်ဆရာဝန် A က လူနာတစ်ယောက်အား အသက်ရှင်နိုင်ခွင့်မရှိဟု သဘောရကြောင်းကို သဘောရိုးဖြင့် အကြောင်းကြားခြင်းကြောင့် အကျိုးဆက်အဖြစ် လူနာထိတ်လန့်၍ သေဆုံး၏။ ဤသို့ အကြောင်းကြားခြင်းကြောင့် လူနာသေတန်ရာသည်ကို သိစေကာမူ A သည် ပြစ်မှုကျူးလွန်ရာမရောက်။