ပုဒ်မ ၈၀
ပုဒ်မ ၈၀
ဥပဒေနှင့်ညီသော ပြုလုပ်မှုကိုပြုရာတွင် မတော်တဆဖြစ်ခြင်း

ဥပဒေနှင့်ညီသော ပြုလုပ်မှုကို ဥပဒေနှင့်ညီသော နည်းလမ်းအတိုင်း ဥပဒေနှင့်ညီသော အပြုအမူဖြင့် သင့်လျော်သောဂရုပြုမှု၊ သတိထားမှုတို့ဖြင့်ပြုရာတွင် မတော်တဆ သို့မဟုတ် ကံဆိုး၍ ပြုသည်လည်း ဖြစ်၍ ရာဇဝတ်မကင်းသောအကြံ သို့မဟုတ် အသိဉာဏ်မရှိဘဲနှင့် ပြုသည်လည်းဖြစ်သော ပြုလုပ်မှုသည် ပြစ်မှုမမြောက်။

ဥပမာ

A သည် ပုဆိန်တစ်လက်ဖြင့် အလုပ်လုပ်နေရာ ပုဆိန်ခေါင်းကျွတ်ပြီး အနီးတွင် ရပ်နေသူတစ်ဦးကို ထိမှန်၍ ထိုသူသေဆုံး၏။ အကယ်၍ A သည် ထိုက်သင့်သော သတိကင်းမဲ့ခြင်းမရှိဘဲ ပြုလုပ်ခဲ့လျှင် ခွင့်လွှတ်နိုင်သည်ဖြစ်၍ ပြစ်မှုမမြောက်။



ကျင့်ထုံး