အထူးအသိဉာဏ်ဖြင့် သို့မဟုတ် အထူးအကြံဖြင့်ပြုမှသာ ပြစ်မှုမြောက်သော ပြုလုပ်မှုကို မူးယစ်နေသူကပြုရာတွင် ထိုသူသည် မိမိမသိဘဲ သို့မဟုတ် အလိုမတူဘဲ သူတစ်ပါး တိုက်ကျွေးသဖြင့် မူးယစ်နေစဉ် ပြုသောအခါမှတစ်ပါး မူးယစ်ခြင်းမရှိပါက ရှိအပ်သည့် အထူးအသိဉာဏ်ဖြင့် ပြုသကဲ့သို့ ပြစ်ဒဏ်စီရင်ခြင်း ခံထိုက်ရမည်။