စီရင်ချက်ကို သို့မဟုတ် အမိန့်ကိုထုတ်ဆင့်ရန် တရားရုံး၌ အာဏာမပိုင်သော်လည်း အာဏာပိုင်သည်ဟု သဘောရိုးနှင့် ယုံကြည်၍ ပြုလုပ်လျှင် ထိုတရားရုံး၏ စီရင်ချက်အရ ဖြစ်စေ၊ စီရင်ချက်နှင့်အညီဖြစ်စေ၊ အမိန့်အရဖြစ်စေ၊ အမိန့်နှင့်အညီဖြစ်စေ ထိုစီရင်ချက် သို့မဟုတ် ထိုအမိန့် တည်ဆဲတွင်ပြုသော ထိုပြုလုပ်မှုသည် ပြစ်မှုမမြောက်။