ပုဒ်မ ၁၀၅
ပုဒ်မ ၁၀၅
ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့် စတင်ဖြစ်ပေါ်ခြင်းနှင့် ဆက်လက်တည်ရှိနေခြင်း

ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်သည် ပစ္စည်းကို ဘေးအန္တရာယ်ဖြစ်စေမည့် စိုးရိမ်ဖွယ်ရာ အကြောင်း ဖြစ်ပေါ်လာသည့်အခါမှ အစပြုသည်။ ခိုးမှုမှပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်သည် ပြစ်မှုကျူးလွန်သူက ခိုးရာပါပစ္စည်းနှင့်တကွ ထွက်ခွာသွားသည့်တိုင်အောင် သို့မဟုတ် ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့၏ အကူအညီကိုရသည့်တိုင်အောင် သို့မဟုတ် ပစ္စည်းကို ပြန်ရသည့်တိုင်အောင် ဆက်လက်တည်ရှိနေသည်။

လုယက်မှုမှ ပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်သည် ပြစ်မှုကျူးလွန်သူက သူတစ်ဦးကို သေစေရန် သော်လည်းကောင်း၊ နာကျင်စေရန်သော်လည်းကောင်း၊ မတရားတားဆီးစေရန်သော်လည်းကောင်း ပြုနေသမျှ သို့မဟုတ် ပြုရန်အားထုတ်နေသမျှ ကာလပတ်လုံး သို့မဟုတ် တစ်မုဟုတ်ချင်းသေရမည် ဟုသော်လည်းကောင်း၊ တစ်မုဟုတ်ချင်းနာကျင်စေမည်ဟုသော်လည်းကောင်း၊ တစ်မုဟုတ်ချင်း ကိုယ်တိုင်အချုပ်အနှောင်ခံရမည် ဟုသော်လည်းကောင်း ကြောက်ရွံ့ဖွယ်ရာဖြစ်အောင် ကျူးလွန်သူက ပြုနေသမျှ ကာလပတ်လုံး ဆက်လက်တည်ရှိနေသည်။

ရာဇဝတ်မကင်းသောကျော်နင်းမှု သို့မဟုတ် အကျိုးဖျက်ဆီးမှုမှ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်သည် ပြစ်မှုကျူးလွန်သူက ရာဇဝတ်မကင်းသောကျော်နင်းမှုကို သို့မဟုတ် အကျိုးဖျက်ဆီးမှုကို ကျူးလွန် နေသမျှ ကာလပတ်လုံး ဆက်လက်တည်ရှိနေသည်။

ညဉ့်အခါ အိမ်ဖောက်ထွင်းမှုမှ ပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်သည် ပြစ်မှုကျူးလွန်သူက အိမ်ကို ဖောက်ထွင်းခြင်းဖြင့်အစပြုသော အိမ်ကျော်နင်းမှုကျူးလွန်နေသမျှ ကာလပတ်လုံး ဆက်လက် တည်ရှိနေသည်။



ကျင့်ထုံး