အောက်ဖော်ပြပါ ပြစ်မှုများအနက် ပြစ်မှုတစ်ခုခုကို အန္တရာယ်ပြုသူက ကျူးလွန်ခဲ့လျှင် တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင်ဖော်ပြသည့် ကန့်သတ်ချက်များကို အထောက်အထားပြု၍ ထိုအန္တရာယ်ပြုသူကို သေစေရန်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ်တစ်ခုခု ဖြစ်စေရန် သော်လည်းကောင်း မည်သူမဆို မိမိအလိုအလျောက်ပြု၍ လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
၎င်းတို့မှာ-
ပထမ။ မကာကွယ်မခုခံလျှင် သေဘေးသို့ ရောက်စေခြင်းအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လောက်အောင် အကြောင်းရှိသည့် လက်ရောက်မှု။
ဒုတိယ။ မကာကွယ်မခုခံလျှင် အပြင်းအထန် နာကျင်စေခြင်းအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လောက် အောင် အကြောင်းရှိသည့် လက်ရောက်မှု။
တတိယ။ မုဒိမ်းကျင့်ရန် အကြံအစည်ဖြင့် ကျူးလွန်သည့် လက်ရောက်မှု။
စတုတ္ထ။ ကာမရာဂစိတ်ကို ဓမ္မတာအတိုင်းမဟုတ်ဘဲ ရောင့်ရဲအောင်ပြုလုပ်ရန် ကြံရွယ်ချက်ဖြင့် ကျူးလွန်သည့် လက်ရောက်မှု။
ပဉ္စမ။ လူကိုခိုးယူရန်သော်လည်းကောင်း၊ သွေးဆောင်ဆွဲခေါ်ရန်သော်လည်းကောင်း ကြံရွယ်ချက် ဖြင့် ကျူးလွန်သည့် လက်ရောက်မှု။
ဆဋ္ဌမ။ လွတ်မြောက်ရေးအတွက် ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့ထံ တိုင်တန်းနိုင်ခွင့် မရနိုင်ဟု စိုးရိမ်ဖွယ်ရာဖြစ်လောက်အောင် အကြောင်းကိုဖြစ်စေပြီးလျှင် သူတစ်ဦးအား မတရား ချုပ်နှောင်ရန် ကြံရွယ်ချက်ဖြင့် ကျူးလွန်သည့် လက်ရောက်မှု။