ပုဒ်မ ၁၀၄
ပုဒ်မ ၁၀၄
ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် သေစေခြင်းမှတစ်ပါး အခြားဘေးအန္တရာယ် ဖြစ်စေရန် ပြုနိုင်ခြင်း

သူတစ်ဦးသည် တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသော ပြစ်မှုမျိုး မဟုတ်သည့် ခိုးမှု၊ အကျိုးဖျက်ဆီးမှု သို့မဟုတ် ရာဇဝတ်မကင်းသော ကျော်နင်းမှုတစ်ခုခုကို ကျူးလွန်လျှင်သော်လည်းကောင်း၊ ကျူးလွန်ရန် အားထုတ်လျှင်သော်လည်းကောင်း ထိုသူကို သေစေရန် မည်သူမဆို မိမိအလိုအလျောက်ပြု၍ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်မရှိ။ သို့ရာတွင် ပုဒ်မ ၉၉ ၌ ဖော်ပြသည့် ကန့်သတ်ချက်များကို အထောက်အထားပြုကာ ထိုမတော်မမှန်ပြုသူကို သေစေခြင်း မှတစ်ပါး အခြားဘေးအန္တရာယ်ဖြစ်စေသည်အထိ မည်သူမဆို မိမိအလိုအလျောက်ပြု၍ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။


ကျင့်ထုံး