သူတစ်ဦးသည် မိမိထိခိုက်နစ်နာမည်ကို ကြောက်ရွံ့၍ဖြစ်စေ၊ အကြောင်းခြင်းရာအမှန်ကို မသိ၍ဖြစ်စေ သဘောတူလျှင်၊ ထို့ပြင် ထိုသို့သဘောတူခြင်းသည် ထိုသူ ထိခိုက်နစ်နာမည်ကို ကြောက်ရွံ့သောကြောင့် သော်လည်းကောင်း၊ အကြောင်းခြင်းရာအမှန်ကို မသိသောကြောင့် သော်လည်းကောင်း သဘောတူရခြင်းဖြစ်ကြောင်းကို ပြုလုပ်သူကသိလျှင် သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိလျှင် သို့မဟုတ်
စိတ်ပေါ့သွပ်သူက သဘောတူခြင်း။
စိတ်ပေါ့သွပ်ခြင်းကြောင့်ဖြစ်စေ၊ မူးယစ်ခြင်းကြောင့်ဖြစ်စေ မိမိသဘောတူမှု၏ သဘောနှင့် အကျိုးဆက်ကို မသိနိုင်သောသူက သဘောတူလျှင် သို့မဟုတ်
ကလေးက သဘောတူခြင်း။
ရှေ့နောက်စကားစပ်တို့နှင့် အဓိပ္ပာယ်မဆန့်ကျင်လျှင် အသက်ဆယ့်နှစ်နှစ်အောက်ကလေးက သဘောတူလျှင် ထိုသို့ သဘောတူခြင်းမျိုးသည် ဤရာဇသတ်ကြီးပါ ပုဒ်မတစ်ခုခုက ရည်ရွယ်သော သဘောတူခြင်းမျိုး မမြောက်။