ပုဒ်မ ၁၀၃
ပုဒ်မ ၁၀၃
ပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူကိုသေစေသည်အထိ ပြုနိုင်ခြင်း

အောက်ဖော်ပြပါ ပြစ်မှုများအနက် ပြစ်မှုတစ်ခုခုကို မတော်မမှန်ပြုသူက ကျူးလွန်လျှင် သို့မဟုတ် ကျူးလွန်ရန် အားထုတ်လျှင် ပုဒ်မ ၉၉ တွင် ဖော်ပြထားသည့် ကန့်သတ်ချက်များကို အထောက်အထား ပြုကာ ထိုမတော်မမှန်ပြုသူကို သေစေရန်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ်ဖြစ်စေရန်သော် လည်းကောင်း မည်သူမဆို မိမိအလိုအလျောက်ပြု၍ ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။ ယင်းတို့မှာ -

ပထမ။ လုယက်မှု။

ဒုတိယ။ ညဉ့်အခါ အိမ်ဖောက်ထွင်းမှု။

တတိယ။ လူနေရန်ဖြစ်စေ၊ ဥစ္စာပစ္စည်းထားသိုရန်ဖြစ်စေ အသုံးပြုသည့် အဆောက်အအုံ၊ တဲ သို့မဟုတ် ရေယာဉ်တစ်ခုခုတွင် ကျူးလွန်သည့် မီးဖြင့် အကျိုးဖျက်ဆီးမှု။

စတုတ္ထ။မကာကွယ်မခုခံဘဲနေပါက သေဘေးကို သို့မဟုတ် အပြင်းအထန် နာကျင်ခြင်း ခံရမည်ကို စိုးရိမ်ရန် အကြောင်းရှိအောင် ကျူးလွန်သည့် ခိုးမှု၊ အကျိုးဖျက်ဆီးမှု သို့မဟုတ် အိမ်ကျော်နင်းမှု။

ကျင့်ထုံး