ပုဒ်မ ၈၇
ပုဒ်မ ၈၇
သေစေရန်ဖြစ်စေ၊ အပြင်းအထန် နာကျင်စေရန်ဖြစ်စေ အကြံမရှိဘဲနှင့်လည်းကောင်း၊ ထိုသို့ ဖြစ်စေတန်ရာသည်ကို မသိဘဲနှင့်လည်းကောင်း၊ အပြုခံရသူ သဘောတူညီချက်ဖြင့်လည်းကောင်း ပြုလုပ်မှု

သေစေရန်ဖြစ်စေ၊ အပြင်းအထန် နာကျင်စေရန်ဖြစ်စေ အကြံမရှိဘဲနှင့်လည်းကောင်း၊ သေစေတန်ရာသည်ကိုဖြစ်စေ၊ အပြင်းအထန် နာကျင်စေတန်ရာသည်ကိုဖြစ်စေ မသိဘဲနှင့်လည်းကောင်း ပြုသောသူကပြုလုပ်ရာတွင် အသက်ဆယ့်ရှစ်နှစ်အထက် အသက်အရွယ်ရှိသူက မိမိသို့ကျရောက်မည့် ဘေးအန္တရာယ်ကို မိမိခံယူမည်ဟု အတိအလင်းသော်လည်းကောင်း၊ သဘောသက်ရောက်စေခြင်းဖြင့် သော်လည်းကောင်း သဘောတူလျှင် ထိုသူ၏ပြုလုပ်မှုသည်ထို အသက်ဆယ့်ရှစ်နှစ်အထက်အသက်အရွယ်ရှိသူအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည် ဟူသော အကြောင်းကြောင့် သို့မဟုတ် ဖြစ်စေရန် ပြုလုပ်သူက ကြံရွယ်သည်ဟူသော အကြောင်းကြောင့် ပြစ်မှုမမြောက်စေရ၊ သို့မဟုတ် ထိုသူ၏ပြုလုပ်မှု သည်ကျရောက်နိုင်သည့် ဘေးအန္တရာယ်ကိုခံယူမည်ဟု သဘောတူသောသူအား ဘေးအန္တရာယ် ဖြစ်စေတန်ရာသည်ကို ပြုသူကသိနိုင်သည်ဟူသော အကြောင်းကြောင့် ပြစ်မှုမမြောက်စေရ။

ဥပမာ

A နှင့် Z တို့သည် ပျော်ရွှင်ခြင်းအလို့ငှာ ဓားရေးပြိုင်ရန် သဘောတူကြ၏။ ထိုသူတို့၌ မဖြောင့်မမှန်သော သဘောမရှိဘဲ တရားသဖြင့် ကစားပါက ကစားစဉ် ကျရောက်မည့် ဘေးအန္တရာယ်ကို ခံယူကြမည်ဟု သဘောတူရာသက်ရောက်၏။ ထိုသို့ တရားသဖြင့် ကစားကြရာတွင် A က Z ကို နာကျင်စေ၏။ A သည် ပြစ်မှုကျူးလွန်ရာမရောက်။



ကျင့်ထုံး