ပုဒ်မ ၁၀၆
ပုဒ်မ ၁၀၆
အပြစ်မရှိသူအား အန္တရာယ်ဖြစ်နိုင်စေကာမူ သေစေလောက်သော လက်ရောက်မှုမှ ကာကွယ်ခုခံပိုင်ခွင့်

သေဘေးသို့ရောက်စေရန် စိုးရိမ်ဖွယ်ရာအကြောင်းရှိသည့် လက်ရောက်မှုမှ ကာကွယ်ခုခံပိုင်ခွင့်ကို ဆောင်ရွက်ရာတွင် ကာကွယ်ခုခံသူသည် အပြစ်မရှိသူတစ်ဦးအား ဘေးအန္တရာယ်မဖြစ်နိုင်စေဘဲ ထိုအခွင့်အရေးကို ဖြစ်မြောက်အောင်မသုံးနိုင်သော အခြေသို့ ရောက်ရှိနေလျှင် ထိုအပြစ်မရှိသူအား ဘေးအန္တရာယ်ဖြစ်နိုင်စေမည့် အကြောင်းရှိသော်လည်း မိမိ၌ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ဥပမာ

ဆူပူသောင်းကျန်းသော လူတစ်စုသည် A ကိုသတ်ရန် အားထုတ်၍ A အားအန္တရာယ်ပြု၏။ A သည် ထိုလူတစ်စုကို သေနတ်နှင့်မပစ်ခတ်ဘဲ ကာကွယ်ခုခံပိုင်ခွင့်ကို ထိရောက်အောင် မကျင့်သုံးနိုင်သည့် အခြေသို့ ရောက်ရှိနေသည်။ ပစ်ခတ်လျှင်လည်း ထိုလူတစ်စုနှင့် ရောနှောလျက်ရှိသည့် ငယ်ရွယ်သော ကလေးများကို အန္တရာယ်မဖြစ်နိုင်စေဘဲ မပစ်ခတ်နိုင်သော အခြေသို့ ရောက်ရှိနေပြန်သည်။ ထိုအခြေတွင် သေနတ်ပစ်ခတ်ခြင်းကြောင့် ကလေးတစ်ဦးဦးကို ဘေးအန္တရာယ်ဖြစ်စေခဲ့သော်လည်း ကာကွယ်ခုခံသူ A သည် ပြစ်မှုကျူးလွန်ရာမရောက်။



ကျင့်ထုံး