ပုဒ်မ ၈၉
ပုဒ်မ ၈၉
ကလေး၏ သို့မဟုတ် စိတ်ပေါ့သွပ်သူ၏အကျိုးငှာ အုပ်ထိန်းသူကဖြစ်စေ၊ ထိုသူ၏ သဘောတူညီချက်ဖြင့် ဖြစ်စေ သဘောရိုးနှင့်ပြုသည့် ပြုလုပ်မှု

အသက်ဆယ့်နှစ်နှစ်အောက်ရှိသူ၏ သို့မဟုတ် စိတ်ပေါ့သွပ်သူ၏အကျိုးငှာ အုပ်ထိန်းသူကိုယ်တိုင်က သော်လည်းကောင်း၊ ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရသော အခြားသူကိုယ်တိုင်ကသော်လည်း ကောင်း၊ ထိုသူ၏ အတိအလင်းဖြစ်သည့် သို့မဟုတ် သဘောသက်ရောက်သည့် သဘောတူညီချက်ဖြင့်် ပြုလုပ်သောသူကသော်လည်းကောင်း၊ သဘောရိုးဖြင့်ပြုသည့်ပြုလုပ်မှုသည် အသက်ဆယ့်နှစ်နှစ် အောက်ရှိသူအား သို့မဟုတ် စိတ်ပေါ့သွပ်သူအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည်ဟူသော အကြောင်း ကြောင့်သော်လည်းကောင်း၊ ဖြစ်စေရန်ပြုလုပ်သူက ကြံရွယ်သည်ဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ ဘေးအန္တရာယ်ဖြစ်စေတန်ရာသည်ကို ပြုလုပ်သူက သိနိုင်သည်ဟူသော အကြောင်း ကြောင့်သော်လည်းကောင်း ပြစ်မှုမမြောက်။ သို့ရာတွင်−


ခြွင်းချက်များ

ပထမ။ ဤကင်းလွတ်ချက်သည် တမင်သေစေခြင်းနှင့် သို့မဟုတ် သေစေရန် အားထုတ်ခြင်းနှင့် မသက်ဆိုင်။

ဒုတိယ။ ဤကင်းလွတ်ချက်သည် သေဘေးကိုဖြစ်စေ၊ အပြင်းအထန်နာကျင်စေမည့် ဘေးကို ဖြစ်စေ တားဆီးရန်အကြောင်းအတွက်သော်လည်းကောင်း၊ ပြင်းထန်သော ရောဂါဝေဒနာ ကိုဖြစ်စေ၊ မစွမ်းမသန်ခြင်းကိုဖြစ်စေ ပျောက်ကင်းအောင် ကုသရန်အကြောင်းအတွက် သော်လည်းကောင်း မဟုတ်လျှင် သေတန်ရာသည်ကို ပြုသူသိသည့် ပြုလုပ်မှုနှင့် မသက်ဆိုင်။

တတိယ။ ဤကင်းလွတ်ချက်သည် သေဘေးကိုဖြစ်စေ၊ အပြင်းအထန်နာကျင်စေမည့် ဘေးကို ဖြစ်စေ တားဆီးရန်အကြောင်းအတွက် သော်လည်းကောင်း၊ ပြင်းထန်သောရောဂါ ဝေဒနာကိုဖြစ်စေ၊ မစွမ်းမသန်ခြင်းကိုဖြစ်စေ ပျောက်ကင်းအောင် ကုသရန်အကြောင်း အတွက်သော်လည်းကောင်း မဟုတ်လျှင် အပြင်းအထန်နာကျင်စေရန် အလိုအလျောက် ပြုလုပ်မှုနှင့် သို့မဟုတ် အပြင်းအထန် နာကျင်စေရန် အားထုတ်မှုနှင့် မသက်ဆိုင်။

စတုတ္ထ။ ဤကင်းလွတ်ချက်သည် ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်းနှင့် မသက်ဆိုင်လျှင် ထိုပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီခြင်းနှင့်လည်း မသက်ဆိုင်။


ဥပမာ

A သည် ကျောက်ကိုထုတ်ယူလျှင် မိမိ၏ ကလေးသေစေတန်ရာသည်ကို သိသော်လည်း ကလေးသေစေရန် အကြံမရှိ၊ ကလေး၏ သဘောတူညီချက်မပါဘဲ ကလေး၏အကျိုးငှာ သဘောရိုးနှင့် ခွဲစိတ်ကုဆရာဝန်တစ်ယောက်ကို ကျောက်ထုတ်ယူစေရာ ကလေးကို ရောဂါပျောက်ကင်းစေရန် ရည်ရွယ်သောကြောင့် A ၏ ပြုလုပ်မှုသည် ဤကင်းလွတ်ချက်အတွင်း ကျရောက်သည်။


ကျင့်ထုံး