ဥပဒေအရ ပြုလုပ်ရန် တာဝန်ရှိသူကသော်လည်းကောင်း၊ ဥပဒေကိုအယူအဆလွဲခြင်းကြောင့် မဟုတ်ဘဲ အကြောင်းခြင်းရာကို အယူအဆလွဲခြင်းကြောင့် ဥပဒေအရ တာဝန်ရှိသည်ဟု သဘောရိုးနှင့် ယုံကြည်သူကသော်လည်းကောင်း ပြုလုပ်လျှင် ထိုပြုလုပ်မှုသည် ပြစ်မှုမမြောက်။
ဥပမာ
(က) စစ်သား A သည် ဆူပူသောင်းကျန်းသော လူအုပ်ကို ဥပဒေနှင့်ညီသော မိမိ၏ အထက်အရာရှိ၏ အမိန့်ဖြင့် သေနတ်နှင့်ပစ်ခတ်သည်။ A သည် ပြစ်မှုကျူးလွန်ရာ မရောက်။
(ခ) တရားရုံးအရာရှိ A သည် Y ကိုဖမ်းဆီးရန် တရားရုံးမှအမိန့်ရရှိ၏။ ထိုက်သင့်သော စုံစမ်းမှုကို ပြုပြီးနောက် Z ကို Y ဟု ထင်မှတ်ယုံကြည်၍ ဖမ်းဆီးသည်။ A သည် ပြစ်မှုကျူးလွန်ရာ မရောက်။