ပုဒ်မ ၉၉
ပုဒ်မ ၉၉
ကာကွယ်ခုခံပိုင်ခွင့်မရှိသည့် ပြုလုပ်မှုများ

သေဘေးဖြစ်စေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန် သော်လည်းကောင်း စိုးရိမ်လောက်ဖွယ်ရာအကြောင်း ယုတ္တိမရှိသောပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်း အဖြစ်ဖြင့် သဘောရိုးနှင့်ပြုလုပ်လျှင် သို့မဟုတ် ပြုလုပ်ရန် အားထုတ်လျှင် ထိုသို့ပြုလုပ်ခြင်း၊ အားထုတ်ခြင်း တစ်ခုခုသည် ဥပဒေအရ ပြုပိုင်ခွင့် အတိအကျမရှိသော်လည်း ထိုပြုလုပ်မှု အားထုတ်မှု တစ်ခုခုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။

သေဘေးကိုဖြစ်စေရန် သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန် သော်လည်းကောင်း စိုးရိမ်လောက်ဖွယ်ရာအကြောင်း ယုတ္တိမရှိသောပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ် ဖြင့် သဘောရိုးနှင့် ညွှန်ကြားသည့်အတိုင်း သူတစ်ဦးက ပြုလုပ်လျှင် သို့မဟုတ် ပြုလုပ်ရန် အားထုတ်လျှင် ထိုညွှန်ကြားချက်မှာ ဥပဒေအရပြုပိုင်ခွင့် အတိအကျမရှိသော်လည်း ထိုပြုလုပ်မှုကို တားဆီးရန် ကာကွယ် ခုခံပိုင်ခွင့်မရှိ။

ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့ထံမှ အကာအကွယ် အစောင့်အရှောက်ရနိုင်ရန် တိုင်တန်းခွင့် အချိန်ရှိသည့် ကိစ္စများတွင် ကာကွယ်ခုခံပိုင်ခွင့်မရှိ။


ကာကွယ်ခုခံပိုင်ခွင့်ကို မည်မျှ ဆောင်ရွက်နိုင်ခြင်း။

ကာကွယ်ခုခံရာတွင် ကာကွယ်ခုခံသောသဘောဖြင့် ဘေးအန္တရာယ်ပြုရန် လိုအပ်သည်ထက်ပို၍ ပြုခွင့်မရှိ။

ရှင်းလင်းချက် ၁။ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ပြုသော သို့မဟုတ် ပြုရန် အားထုတ်သောသူသည် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု အပြုခံရသူကမသိလျှင် သို့မဟုတ် ယုံကြည်ရန် အကြောင်းမရှိလျှင် ထိုသူသည် ထိုပြည်သူ့ဝန်ထမ်း၏ ပြုလုပ်မှုကို သို့မဟုတ် အားထုတ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့် ရှိသည်။

ရှင်းလင်းချက် ၂။ ုသူသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ ညွှန်ကြားချက်အရပြုသည်ကို သော်လည်း ကောင်း၊ အားထုတ်သည်ကိုသော်လည်းကောင်း အပြုခံရသူကမသိလျှင် သို့မဟုတ် ယုံကြည်ရန် အကြောင်းမရှိလျှင် သို့မဟုတ် မည်သည့်အာဏာအရ ပြုကြောင်းကို ပြုသူက မပြောမဆိုလျှင် သို့မဟုတ် အာဏာကို စာဖြင့်ပေးထားရရှိပါလျက် ထိုစာကို တောင်းဆိုသည့်အခါ မပြလျှင် အပြုခံရသူသည် အဆိုပါ ပြည်သူ့ ဝန်ထမ်း၏ ညွှန်ကြားချက်အရပြုသည် သို့မဟုတ် အားထုတ်သည်ကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့် ရှိသည်။


ကျင့်ထုံး