အခန်း ၁၀ - ပြည်သူ့ဝန်ထမ်းများ၏ဥပဒေအရ အခွင့်အာဏာကို မထီမဲ့မြင်ပြုခြင်း
ပုဒ်မ ၁၇၂
သမ္မန်စာ သို့မဟုတ် အခြားအမိန့်ဆင့်စာချအပ်ခြင်းကို တိမ်းရှောင်ခြင်း
ပုဒ်မ ၁၇၃
သမ္မန်စာ သို့မဟုတ် အခြားဆောင်ရွက်ချက်ကိုဖြစ်စေ၊ ထုတ်ပြန်ကြေညာသည်ကိုဖြစ်စေ တားဆီးခြင်း
ပုဒ်မ ၁၇၄
ပြည်သူ့ဝန်ထမ်း ထုတ်ဆင့်သောအမိန့်ကို လိုက်နာခြင်းမရှိဘဲ မလာရောက်ခြင်း
ပုဒ်မ ၁၇၅
ပြည်သူ့ဝန်ထမ်းသို့ စာတမ်းအမှတ်အသားတင်ပြရန် ဥပဒေနှင့်အညီ တာဝန်ရှိသူက မတင်ပြဘဲ ပျက်ကွက်ခြင်း
ပုဒ်မ ၁၇၆
ပြည်သူ့ဝန်ထမ်းသို့ အကြောင်းကြားရန် သို့မဟုတ် သတင်းပေးရန်ဥပဒေအရ တာဝန်ရှိသူကအကြောင်း မကြားဘဲ သို့မဟုတ် သတင်းမပေးဘဲ ပျက်ကွက်ခြင်း
ပုဒ်မ ၁၇၇
မမှန်သတင်းပေးခြင်း
ပုဒ်မ ၁၇၈
ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုစေရန် ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ဆောင်ရွက်ရန် ညွှန်ကြားသည်ကို ငြင်းပယ်ခြင်း
ပုဒ်မ ၁၇၉
ဥပဒေအရ မေးရန်အခွင့်အာဏာရှိသော ပြည်သူ့ဝန်ထမ်းကမေးသည်ကို ဖြေဆိုရန် ငြင်းပယ်ခြင်း
ပုဒ်မ ၁၈၀
ထွက်ဆိုချက်ကို လက်မှတ်ထိုးရန် ငြင်းပယ်ခြင်း
ပုဒ်မ ၁၈၁
ကျမ်းသစ္စာကျိန်ဆိုရန် သို့မဟုတ် ကတိသစ္စာပြုရန် ဥပဒေအရ အာဏာရှိသော ပြည်သူ့ဝန်ထမ်းထံ၌ ဖြစ်စေ၊ ပုဂ္ဂိုလ်ထံ၌ဖြစ်စေ မမှန်ထွက်ဆိုခြင်း
ပုဒ်မ ၁၈၂
အခြားသူတစ်ဦး နစ်နာစေခြင်းငှာ ပြည်သူ့ဝန်ထမ်းအား ဥပဒေအရ အပ်နှင်းထားသည့် အာဏာကို အသုံးပြုစေရန် ကြံရွယ်၍ မမှန်သတင်းပေးခြင်း
ပုဒ်မ ၁၈၃
ပြည်သူ့ဝန်ထမ်း၏ ဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာဖြင့် ပစ္စည်းသိမ်းယူခြင်းကိုခုခံခြင်း
ပုဒ်မ ၁၈၄
ပြည်သူ့ဝန်ထမ်း၏အခွင့် အာဏာဖြင့် ပစ္စည်းရောင်းခြင်းကို ဟန့်တားခြင်း
ပုဒ်မ ၁၈၅
ပြည်သူ့ဝန်ထမ်း၏ အခွင့်အာဏာ ဖြင့် ရောင်းသော ပစ္စည်းကို ဥပဒေ နှင့်အညီ မဟုတ်ဘဲ ဝယ်ယူခြင်း သို့မဟုတ် လေလံဆွဲခြင်း
ပုဒ်မ ၁၈၆
ပြည်သူ့ဝန်ထမ်းက အများပြည်သူဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဟန့်တားခြင်း
ပုဒ်မ ၁၈၇
ြည်သူ့ဝန်ထမ်းကို ကူညီရန် ဥပဒေအရ တာဝန်ရှိသူက ကူညီရန် ပျက်ကွက်ခြင်း
ပုဒ်မ ၁၈၈
ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို မလိုက်နာခြင်း
ပုဒ်မ ၁၈၉
ပြည်သူ့ဝန်ထမ်းကို နစ်နာစေမည်ဟု ခြိမ်းခြောက်ခြင်း
ပုဒ်မ ၁၉၀
ပြည်သူ့ဝန်ထမ်းထံကာကွယ်စောင့်ရှောက်မှုအတွက် တောင်းဆိုခြင်းမှ ရှောင်ကြဉ်စေရန် သူတစ်ဦးအား သွေးဆောင်လိုသည့်အတွက် နစ်နာစေမည်ဟု ခြိမ်းခြောက်ခြင်း