ပြည်သူ့ဝန်ထမ်းတစ်ဦးက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ဥပဒေနှင့်အညီ ထုတ်ဆင့်ပိုင်သည့်အတိုင်း ထုတ်ဆင့်သော သမ္မန်စာဖြစ်စေ၊ နို့တစ်စာဖြစ်စေ၊ အမိန့်စာဖြစ်စေ ချအပ်သည်ကို မည်သူမဆို တိမ်းရှောင် လျှင် ထိုသူကိုတစ်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။
သို့မဟုတ် သမ္မန်စာတွင်ဖြစ်စေ၊ နို့တစ်စာတွင်ဖြစ်စေ၊ အမိန့်စာတွင်ဖြစ်စေ တရားရုံးသို့ ကိုယ်တိုင် သော်လည်းကောင်း၊ ကိုယ်စားလှယ်ကိုသော်လည်းကောင်း လာရောက်စေရန် သို့မဟုတ် စာတမ်းအမှတ် အသားတစ်ခုခုကို တင်ပြစေရန်ဖြစ်လျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။