ပုဒ်မ ၁၇၈
ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုစေရန် ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ဆောင်ရွက်ရန် ညွှန်ကြားသည်ကို ငြင်းပယ်ခြင်း
မည်သူမဆို အမှန်ထွက်ဆိုပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုရန်ဖြစ်စေ၊ ကတိသစ္စာပြုစေရန်ဖြစ်စေ ဥပဒေအရပြုပိုင်ခွင့်ရှိသူ ပြည်သူ့ဝန်ထမ်းက ဆောင်ရွက်ရန် ညွှန်ကြားသည်ကို ငြင်းပယ်လျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ရဲအရေးမပိုင်။
- ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ။
- ရာကျင့် အခန်း ၃၅နှင့် မဆန့်ကျင်စေဘဲ တရားရုံးတွင် ကျူးလွန်ခြင်း မဟုတ်လျှင် မည်သည့်် တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
- ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။
Related Law