မည်သူမဆို ပြည်သူ့ဝန်ထမ်းဖြစ်ကြောင်း သိလျက်နှင့် သို့မဟုတ် ယုံကြည်ရန် အကြောင်း ရှိလျက်နှင့် ထိုပြည်သူ့ဝန်ထမ်း၏ ဥပဒေအရ အပ်နှင်းထားသောအခွင့်အာဏာဖြင့် ပစ္စည်းသိမ်းယူခြင်းကို ခုခံလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။