ပုဒ်မ ၁၇၅
ပုဒ်မ ၁၇၅
ပြည်သူ့ဝန်ထမ်းသို့ စာတမ်းအမှတ်အသားတင်ပြရန် ဥပဒေနှင့်အညီ တာဝန်ရှိသူက မတင်ပြဘဲ ပျက်ကွက်ခြင်း

ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ထိုပြည်သူ့ဝန်ထမ်းသို့ စာတမ်းအမှတ်အသား တစ်ခုခုကို တင်ပြရန် သော်လည်းကောင်း၊ ပေးအပ်ရန်သော်လည်းကောင်း ဥပဒေအရ တာဝန်ရှိသူသည် ထိုစာတမ်းအမှတ် အသားကို မတင်ပြဘဲ သို့မဟုတ် မပေးအပ်ဘဲ တမင်ပျက်ကွက်လျှင် ထိုသူကို တစ်လထိအလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

သို့မဟုတ် စာတမ်းအမှတ်အသားကို တရားရုံးသို့တင်ပြရန်ဖြစ်လျှင် သို့မဟုတ် ပေးအပ်ရန်ဖြစ်လျှင် ထိုသူကို ခြောက်လထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။



ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ။
  5. ရာကျင့် အခန်း ၃၅နှင့် မဆန့်ကျင်စေဘဲ တရားရုံးတွင် ကျူးလွန်ခြင်း မဟုတ်လျှင် မည်သည့် တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
  6. ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။