အကြောင်းအရာတစ်ခုခုနှင့်စပ်လျဉ်း၍ ပြည်သူ့ဝန်ထမ်းအား အမှန်ကို ထွက်ဆိုရန် ဥပဒေအရ တာဝန်ရှိသူသည်၊ ထိုပြည်သူ့ဝန်ထမ်းက ၄င်းအား ဥပဒေအရ အပ်နှင်းထားသော အာဏာကို ကျင့်သုံး လျက် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ မေးသောမေးခွန်းကို ဖြေဆိုရန် ငြင်းပယ်လျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။