ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ထိုပြည်သူ့ဝန်ထမ်းသို့ အကြောင်းအရာတစ်ခုခုနှင့်စပ်လျဉ်း၍ အကြောင်းကြားရန်ဖြစ်စေ၊ သတင်းပေးရန်ဖြစ်စေ ဥပဒေအရ တာဝန်ရှိသူသည် ဥပဒေအရ လိုအပ်သော နည်းလမ်းအတိုင်း ထိုသို့လိုအပ်သောအချိန်တွင် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍အကြောင်းမကြားဘဲ သို့မဟုတ် သတင်းမပေးဘဲ တမင်ပျက်ကွက်လျှင် ထိုသူကို တစ်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
သို့မဟုတ် ပေးရန်လိုအပ်သော အကြောင်းကြားချက်သည် သို့မဟုတ် သတင်းပေးချက်သည် ပြစ်မှု ကျူးလွန်ခြင်းနှင့် သက်ဆိုင်လျှင် သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းကို တားဆီးရန်အလို့ငှာ သော်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရန်အလို့ငှာသော်လည်းကောင်းဖြစ်လျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ရဲအရေးမပိုင်။
ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
အာမခံ ပေးရမည်။
ကျေအေးခွင့် မရှိ။
မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။