ပုဒ်မ ၁၈၄
ပုဒ်မ ၁၈၄
ပြည်သူ့ဝန်ထမ်း၏အခွင့် အာဏာဖြင့် ပစ္စည်းရောင်းခြင်းကို ဟန့်တားခြင်း

မည်သူမဆို ပြည်သူ့ဝန်ထမ်း၏ ဥပဒေအရအပ်နှင်းထားသော အခွင့်အာဏာဖြင့် ရောင်းချရန် ကမ်းလှမ်းထားသော ပစ္စည်းရောင်းချခြင်းကို တမင်ဟန့်တားလျှင် ထိုသူကို တစ်လထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
  6. ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။