ပုဒ်မ ၁၈၀
ထွက်ဆိုချက်ကို လက်မှတ်ထိုးရန် ငြင်းပယ်ခြင်း
မည်သူမဆို သူတစ်ဦးအား ထိုသူ၏ ထွက်ဆိုချက်ကို လက်မှတ်ရေးထိုးစေရန် ဥပဒေအရ ပြုပိုင်ခွင့်ရှိသော ပြည်သူ့ဝန်ထမ်းက ညွှန်ကြားသည်ကို ငြင်းပယ်လျှင် ထိုငြင်းပယ်သူကို သုံးလထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ရဲအရေးမပိုင်။
- ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ။
- ရာကျင့် အခန်း ၃၅နှင့် မဆန့်ကျင်စေဘဲ တရားရုံးတွင် ကျူးလွန်ခြင်း မဟုတ်လျှင် မည်သည့်် တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
- ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။
Related Law