ပုဒ်မ ၁၈၆
ပြည်သူ့ဝန်ထမ်းက အများပြည်သူဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဟန့်တားခြင်း
မည်သူမဆို ပြည်သူ့ဝန်ထမ်းတစ်ဦးက ၎င်း၏အများပြည်သူဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေ သည်ကို မိမိအလိုအလျောက်ဟန့်တားလျှင် ထိုသူကိုသုံးလထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ရဲအရေးမပိုင်။
- ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
- ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။
Related Law