ပုဒ်မ ၁၈၇
ပုဒ်မ ၁၈၇
ြည်သူ့ဝန်ထမ်းကို ကူညီရန် ဥပဒေအရ တာဝန်ရှိသူက ကူညီရန် ပျက်ကွက်ခြင်း

ပြည်သူ့ဝန်ထမ်းတစ်ဦးက ၎င်း၏ အများပြည်သူဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေသည် ကို ကူညီရန် ဥပဒေအရ တာဝန်ရှိသူသည် ထိုသို့ကူညီရန် တမင်ပျက်ကွက်လျှင် ထိုသူကို တစ်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ထို့ပြင် တရားရုံးမှ ဥပဒေနှင့်အညီ ထုတ်ဆင့်သော အမိန့်ဆင့်စာကို အတည်ပြုရန် အလို့ငှာဖြစ်စေ၊ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို တားဆီးရန်အလို့ငှာဖြစ်စေ၊ ရုန်းရင်းဆန်ခတ်မှုကိုသော်လည်းကောင်း၊ သတ်ပုတ်နှောင့်ယှက်မှုကိုသော်လည်းကောင်း နှိမ်နင်းရန်အလို့ငှာဖြစ်စေ၊ ပြစ်မှုတစ်ခုခုနှင့် စွဲဆိုခံရသူကို သော်လည်းကောင်း၊ ပြစ်မှုကျူးလွန်ထင်ရှားသူကိုသော်လည်းကောင်း၊ ဥပဒေအရ ချုပ်နှောင်ထားခြင်းမှ ထွက်ပြေးသူကိုသော်လည်းကောင်း ဖမ်းဆီးရန်အလို့ငှာဖြစ်စေ ဥပဒေအရ အကူအညီတောင်းပိုင် ခွင့်ရှိသော ပြည်သူ့ဝန်ထမ်းက အကူအညီတောင်းဆိုသည်ကို တမင်အကူအညီမပေးလျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။



ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။
  6. ရာကျင့် ၁၉၅(က) ကို လိုက်နာရသည်။