ပုဒ်မ ၁၈၉
ပုဒ်မ ၁၈၉
ပြည်သူ့ဝန်ထမ်းကို နစ်နာစေမည်ဟု ခြိမ်းခြောက်ခြင်း

မည်သူမဆိုပြည်သူ့ဝန်ထမ်းတစ်ဦး၏ အများပြည်သူဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသော ပြုလုပ်မှုတစ်ခုခုကို ထိုပြည်သူ့ဝန်ထမ်းအား ပြုစေခြင်းသော်လည်းကောင်း၊ ပြုခြင်းမှရှောင်ကြဉ် စေခြင်းသော်လည်းကောင်း၊ ပြုရန်ရှိသည်ကို ဆိုင်းငံ့ထားစေခြင်းသော်လည်းကောင်း ထိုပြည်သူ့ဝန်ထမ်းအား သွေးဆောင်ရန်အလို့ငှာ ထိုပြည်သူ့ဝန်ထမ်းကိုဖြစ်စေ၊ ထိုပြည်သူ့ဝန်ထမ်းက အကျိုးစီးပွား သက်ဆိုင်သည်ဟု မိမိယုံကြည်သူကိုဖြစ်စေ နစ်နာစေမည်ဟု ခြိမ်းခြောက်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။



ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ။
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။