မည်သူမဆို နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်မှုပေးရန် ဥပဒေအရ အခွင့်အာဏာ အပ်နှင်းထားသော သို့မဟုတ် ကာကွယ်စောင့်ရှောက်မှုကို ပေးပိုင်ခွင့်ရှိသော ပြည်သူ့ဝန်ထမ်းထံတွင် ကာကွယ်စောင့်ရှောက်မှုအတွက် ဥပဒေနှင့်အညီ တောင်းဆိုခြင်းမှ ရှောင်ကြဉ်စေရန်သော်လည်းကောင်း၊ ရပ်စဲစေရန်သော်လည်းကောင်း သူတစ်ဦးအား သွေးဆောင်ရန်အလို့ငှာ ထိုသူအား နစ်နာစေမည်ဟု ခြိမ်းခြောက်လျှင် ထိုသို့ ခြိမ်းခြောက်သူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။