အကြောင်းအရာတစ်ခုခုနှင့်စပ်လျဉ်း၍ ကျမ်းသစ္စာကျိန်ဆိုရန် သို့မဟုတ် ကတိသစ္စာပြုရန် ဥပဒေအရ အာဏာရရှိသော ပြည်သူ့ဝန်ထမ်းထံ၌ဖြစ်စေ၊ ထိုကဲ့သို့သော အခြားပုဂ္ဂိုလ်ထံ၌ဖြစ်စေ အမှန်ကို ထွက်ဆိုပါမည်ဟု ကျမ်းသစ္စာကို သို့မဟုတ် ကတိသစ္စာကို ဥပဒေအရ ပြုပြီးသောသူသည် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ အဆိုပါ ပြည်သူ့ဝန်ထမ်းထံ၌ဖြစ်စေ၊ အဆိုပါ အခြားပုဂ္ဂိုလ်ထံ၌ဖြစ်စေ၊ မမှန်သည်လည်းဖြစ်သည့်ပြင် မမှန်ကြောင်း မိမိသိသည်လည်းဖြစ်သော သို့မဟုတ် ယုံကြည်သည်လည်း ဖြစ်သော သို့မဟုတ် မှန်သည်ဟု မိမိယုံကြည်ခြင်း မရှိသည်လည်းဖြစ်သော ထွက်ဆိုခြင်းကိုပြုလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။