ပုဒ်မ ၁၀၈-က
ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပတွင် ပြစ်မှုကျူးလွန်စေရန်နိုင်ငံအတွင်းမှ အားပေးကူညီခြင်း။
ပုဒ်မ ၁၀၉
မည်သူမဆို အားပေးကူညီခြင်းကြောင့် အားပေးကူညီခြင်းခံရသည့် ပြုလုပ်မှုတစ်ရပ် ဖြစ်မြောက်ခဲ့ရာတွင် အားပေးကူညီသူအား ချမှတ်ရန် ပြစ်ဒဏ်ကို ဤရာဇသတ်ကြီးက အတိအလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ကျူးလွန်ခဲ့သော ပြစ်မှုရင်းအတွက် ပြဋ္ဌာန်းသည့် ပြစ်ဒဏ်ကိုချမှတ်ရမည်။
ပုဒ်မ ၁၁၀
အားပေးကူညီသူ၏ ကြံရွယ်ချက်နှင့်ကွဲလွဲသော ကြံရွယ်ချက်ဖြင့် အားပေးကူညီခံရသူ ကျူးလွန်သည့် ပြစ်မှုအတွက် အားပေးကူညီသူခံရမည့် ပြစ်ဒဏ်
ပုဒ်မ ၁၁၁
အားပေးကူညီခြင်းခံရသည့် ပြုလုပ်မှုမဟုတ်ဘဲ ကွဲလွဲမှုသောပြုလုပ်မှုကို ကျူးလွန်ရာတွင် အားပေး ကူညီသူ၏ တာဝန်ရှိမှု
ပုဒ်မ ၁၁၂
အားပေးကူညီခြင်းခံရသော ပြုလုပ်မှုအပြင် သီးခြားပြုသည့် ပြုလုပ်မှုတို့အတွက် အားပေးကူညီသူသည် ထပ်ဆင့်ပြစ်ဒဏ်ခံထိုက်ခြင်း
ပုဒ်မ ၁၁၃
အားပေးကူညီသူကြံရွယ်သည့် ပြုလုပ်မှုနှင့် ကွဲလွဲသော အားပေးကူညီခြင်းခံရသည့် ပြုလုပ်မှုကြောင့် အကျိုးသက်ရောက်မှုအတွက် အားပေးကူညီသူခံရမည့် တာဝန်ရှိမှု
ပုဒ်မ ၁၁၄
ပြစ်မှုကျူးလွန်ရာ၌ အားပေးကူညီသူကိုယ်တိုင်ရှိနေခြင်း။
ပုဒ်မ ၁၁၅
သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ ထိုက်သင့်သောပြစ်မှုကို ကျူးလွန်စေရန် အားပေးကူညီ သော်လည်း ထိုပြစ်မှုကို မကျူးလွန်လျှင် အားပေးကူညီမှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်း။
ပုဒ်မ ၁၁၆
ထောင်ဒဏ်ထိုက်သင့်သောပြစ်မှုကို အားပေးကူညီသော်လည်း ထိုပြစ်မှုကို မကျူးလွန်လျှင်၊ အားပေး ကူညီမှုအတွက် ပြစ်ဒဏ်ချမှတ်ခြင်း
ပုဒ်မ ၁၁၇
အများပြည်သူတို့ကဖြစ်စေ၊ ဆယ်ဦးထက်ပိုသူတို့ကဖြစ်စေ ပြစ်မှုကျူးလွန်စေရန် အားပေးကူညီခြင်း
ပုဒ်မ ၁၁၈
သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်ရန် စီစဉ်ချက်ကို ထိမ်ချန်ခြင်း။ ပြစ်မှုကျူးလွန်ခြင်းရှိခဲ့လျှင်၊ ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့လျှင်
ပုဒ်မ ၁၁၉
တားမြစ်ရန် တာဝန်ဝတ္တရားရှိသော ပြည်သူ့ဝန်ထမ်းက ပြစ်မှုကျူးလွန်ရန် စီစဉ်ချက်ကို ထိမ်ချန်ခြင်း။ ပြစ်မှုကျူးလွန်ခြင်းရှိခဲ့လျှင်
ပုဒ်မ ၁၂၀
ထောင်ဒဏ်ထိုက်သင့်သောပြစ်မှုကျူးလွန်ရန် စီစဉ်ချက်ကို ထိမ်ချန်ခြင်း။ ပြစ်မှုကျူးလွန်ခြင်းရှိခဲ့လျှင်၊ ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့လျှင်