ပုဒ်မ ၁၀၈-က
ပုဒ်မ ၁၀၈-က
ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပတွင် ပြစ်မှုကျူးလွန်စေရန်နိုင်ငံအတွင်းမှ အားပေးကူညီခြင်း။

ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပတွင် ပြုလုပ်မှုကို ကျူးလွန်စေရန် သူတစ်ဦးက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အားပေးကူညီလျှင် ထိုပြုလုပ်မှုကို နိုင်ငံတော်အတွင်းတွင်ပြုပါက ပြစ်မှုမြောက် သကဲ့သို့ ထိုအားပေးကူညီသူသည် ဤရာဇသတ်ကြီးအရ ပြစ်မှုကျူးလွန်စေရန် အားပေးကူညီသည် မည်၏။

ဥပမာ

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူ A က ဂိုအာမြို့နေ နိုင်ငံခြားသား B ကို ထိုမြို့တွင် လူသတ်မှုကျူးလွန်စေရန် လှုံ့ဆော်၏။ ဤအမှုတွင် A သည် လူသတ်မှု ကျူးလွန်စေရန် အားပေးကူညီ သည့် ပြစ်မှုထိုက်သင့်သည်။



ကျင့်ထုံး