ပြုလုပ်မှုကို သို့မဟုတ် ပြစ်မှုကိုကျူးလွန်ရာတွင် မိမိကိုယ်တိုင်မရှိခဲ့လျှင် အားပေးကူညီသူ အဖြစ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ခြင်းခံရမည့်သူသည် အားပေးကူညီမှုကြောင့် မိမိ ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည့်ပြုလုပ်မှုကို သို့မဟုတ် ပြစ်မှုကို သူတစ်ဦးကကျူးလွန်သောအခါ မိမိကိုယ်တိုင်ရှိနေခဲ့လျှင် ထိုသူသည် ထိုပြုလုပ်မှုကို သို့မဟုတ် ထိုပြစ်မှုကို ကိုယ်တိုင်ကျူးလွန်သကဲ့သို့ ကျူးလွန်သည်ဟု မှတ်ယူရမည်။