အားပေးကူညီသူက အကျိုးသက်ရောက်မှုတစ်ခု ဖြစ်စေရန် ကြံရွယ်လျက် ပြုလုပ်မှု တစ်ခုကို အားပေးကူညီရာ၌၊ ထို့ပြင် ထိုအားပေးကူညီမှုကြောင့် မိမိ၌ တာဝန်မကင်းဖြစ်သည့် ပြုလုပ်မှုတစ်ခုသည် မိမိကြံရွယ်သည့်အတိုင်း မဟုတ်သော အခြားအကျိုးသက်ရောက်မှု တစ်ခုကိုဖြစ်စေရာ၌ အားပေး ကူညီခြင်းခံရသော ပြုလုပ်မှုကြောင့် ထိုအခြားအကျိုး သက်ရောက်မှုပေါ်ပေါက်တန်ရာသည်ကို အားပေး ကူညီသူကသိလျှင် ထိုအားပေးကူညီသူသည် ထိုအခြားအကျိုးသက်ရောက်မှုအတွက် ကြံရွယ်၍ အားပေးကူညီသကဲ့သို့ ထပ်တူထပ်မျှတာဝန်ရှိသည်။
ဥပမာ
Z ကို အပြင်းအထန်နာကျင်အောင်ပြုရန် A က B ကို လှုံ့ဆော်၏။ ထိုသို့လှုံဆော်မှုကြောင့် B က Z ကို အပြင်းအထန် နာကျင်အောင်ပြုသဖြင့် Z သေ၏။ ဤအမှုတွင် အားပေးကူညီခြင်းကြောင့် အပြင်းအထန် နာကျင်စေရန် ပြုခြင်းသည် သေစေတန်ရာသည်ဟု A သိခဲ့လျှင် A သည် လူသတ်မှုအတွက် ပြဋ္ဌာန်းသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်သည်။