မည်သူမဆို သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ ထိုက်သင့်သောပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားပေးကူညီသော်လည်း ထိုပြစ်မှုကို ကျူးလွန်ခြင်းမရှိ။ ထိုအားပေးကူညီမှုအတွက်လည်း ဤရာဇသတ်ကြီးအရ ပြစ်ဒဏ်ပြဋ္ဌာန်းထားခြင်းမရှိလျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
ဆိုခဲ့သောအားပေးကူညီမှုကြောင့် ဘေးအန္တရာယ်ဖြစ်စေလျှင်။
ထို့ပြင်ဆိုခဲ့သော အားပေးကူညီမှုကြောင့် အားပေးကူညီသူ၌ တာဝန်ရှိသည်လည်း ဖြစ်၍ သူတစ်ဦးဦးအား နာကျင်စေမှုလည်းဖြစ်သော ပြုလုပ်မှုကို အားပေးကူညီခြင်းခံရသူကပြုလျှင် အားပေးကူညီသူကို ဆယ့်လေးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ဥပမာ
Z ကိုသတ်ရန် A က B အား လှုံ့ဆော်သော်လည်း B က ထိုပြစ်မှုကို ကျူးလွန်ခြင်းမရှိ။ B သည် Z ကို သတ်ခဲ့လျှင် A သည် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ ထိုက်သင့်မည်။ B က လူသတ်မှုကို မကျူးလွန်လျှင် A သည် ခုနစ်နှစ်ထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ထိုက်သင့်သည်။ အားပေးကူညီ ခြင်းကြောင့် Z အားနာကျင်စေမှုကိုပြုခဲ့လျှင် A သည်ဆယ့်လေးနှစ်ထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ထိုက်သင့်မည်။