မည်သူမဆို အများပြည်သူကိုဖြစ်စေ၊ ဆယ်ဦးထက်ပိုသော သူကိုဖြစ်စေ၊ ဆယ်ဦးထက်ပိုသော လူတန်းစားကိုဖြစ်စေ ပြစ်မှုကျူးလွန်ရန် အားပေးကူညီလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ဥပမာ
စီတန်းလှည့်လည်ဆဲအတွင်း ဆယ်ဦးထက်ပို၍ ပါဝင်သော ဂိုဏ်းတစ်ခုက ဆန့်ကျင်ဘက် ဂိုဏ်းဝင်သူ တစ်စုကို ရန်ပြုစေရန် သတ်မှတ်သောအချိန်တွင် သတ်မှတ်သော အရပ်၌ စုရုံးကြစေရန် လှုံ့ဆော်သော ပိုစတာကို အများပြည်သူတို့နှင့်ဆိုင်သော တစ်နေရာတွင် A က စွဲကပ်ထား၏။ A သည် ဤပုဒ်မတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော ပြစ်မှုကို ကျူးလွန်ရာရောက်သည်။